Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မိုင်းခတ် မြို့နယ်၌ သုံးဘီး ဆိုင်ကယ် လမ်းဘေးချောက်ထဲ ထိုးကျကာ ၁ ဦး သေဆုံး

လမ်းဘေး ချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ မတ် ၂၅ ရက်တွင် သုံးဘီး ဆိုင်ကယ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မိုင်းခတ်-နမ့်မွဲ ရွာသွားလမ်း၌ အဆိုပါ သုံးဘီး ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပေ ၂၀ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် အပေါ် မိုင်းခတ်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.