ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအုပ်စု တောင်ညိုရွာသစ်ကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျောက်ဆွေးမြေများတူးရာမှ မြေပြိုကျမှု ဖြစ်ပွားပြီး သုံးဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် ကော်မတီဖွဲ့ရေး အဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး အမဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရေးအတွက်...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၃...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျပ် သိန်း ၆၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀၂၂၅၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ဇန်နဝါရီ ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့််အရေး ဆိုင်ရာဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် United Nations International Children’s Emergency Fund (UNICEF) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Foreနှင့် ယနေ့တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် UNICEF တို့...
ရန်ကုန်၊ ဇန်နဝါရီဘ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း၅၀၀၀တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့ သည် လက်ရှိရေမှတ်များထက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ် တောင်ပြိုကျေးရွာတွင် ယနေ့ ( ဇန်နဝါရီ ၈ ရက်) နံနက် ၉နာရီခွဲခန့်က မြေတူးသယ်ဆောင်မှုပြုလုပ်နေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့် အကွာ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။