Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၄၃,၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၄၃,၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၁ ရက်နေ့ ၀၄း၃၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်) မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မိုင်းရှုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မိုင်းရှုးမြို့နယ်၊ ဝမ်လွယ်ကျေးရွာနေ သော်လ ၂၁ နှစ်မောင်းနှင်ပြီး တန့်ယန်း မြို့၊ (၂)ရပ်ကွက်၊ နောင်ဖာလမ်းနေ သူ နှင့် ဝမ်လွယ်ကျေးရွာနေ ဖြိုးသီဟ(ခ)အိုက်ဖြိုး ၃၅ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

၎င်းယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းနှင့် မော်တော်ယာဉ်နောက်တံခါးတွင်တပ်ဆင်ထားသော ကားအပိုဘီးတာယာအတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆၈,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃,၄၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.