Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၇၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၃ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၇၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ် ၆၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၁ ရက်၊၁၈း၃၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်) မှ တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းပေါ်တွင် မန်တံမြို့နယ်၊ လိုင်မောက် ကျေးရွာနေ ဧလိယ ၂၄ နှစ်မောင်းနှင်လာပြီး မူးယစ်ဆေးဝါး ထပ်ဆင့်သယ်ဆောင်ရန် ရပ်တန့်ထားသည့် မော်တော်ယာဉ်ထံသို့ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင် လမ်းနေ ယောဆက် ၃၆ နှစ် မောင်းနှင်လာသည့်မော်တော်ယာဉ် ရောက်ရှိလာစဉ် စစ်ဆေးရှာဖွေရာ ယောဆက် မောင်းနှင်လာသည့် မော်တော်ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ် ၂ အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁၀၈ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉၇၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၀.၄ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၇၅၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.