Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူပေါင်း ၇၂၅,၇၀၁ ဦးရှိ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်ဖြေဆိုမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူပေါင်း ၇၂၅,၇၀၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြား စာစစ်ဌာနများတွင် ဓာတုဗေဒဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၃,၆၄၃ ဦးတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၂၅,၇၀၁ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၃၇,၉၄၂ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅.၀၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.