ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်(၃၈၉/၁-၂)ကြား ဒီဇင်ဘာ ၂၄ ရက်က ယာဉ်တိုက်မှုကြောင့် ၄ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် အကွာ၊မြေပြင်အောက်အနက် (၈၂)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် စစ်တိုင်းကြီၤး၅ခု၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၄လကျော် ရပ်ဆိုင်းပေးမည့် ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဟားခါးမြို့နယ်၊ လမ်သုတ်ကျေးရွာနှင့် လုံကြွေးကျေးရွာကြား ဟားခါး-ဂန့်ဂေါ ကားလမ်းမိုင်တိုင်(၄၁/၂-၃)ကြား၌ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁နာရီခန့်က ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၌ ရေကြီးရေ လျှံမှုကြောင့် ပျက်စီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက် မှုအတွက် ကျပ် ၁၂၂၃သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဦးဆောင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဧရာဝတီဘဏ်(၁)သို့ လာရောက်ငွေလွှဲသူထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု၅၀ရွက် သိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာ့ သစ်တော မူဝါဒ(၁၉၉၅)ပါ ရည်မှန်းချက် အရ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး ဆိုင်ရာ နိုင်ငံ အလိုက် ဆောင်ရွက် ရမည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံဧရိယာ စုစုပေါင်း၏...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) လာမည့် ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၁၈ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်း...