Connect with us

Agriculture

သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင် ရမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော် သမ္မတ က တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့ သော သ၀ဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမို တိုးတက် တင်ပို့ ရောင်းချ နိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံ မှ အရှိန်အဟုန် မြှင့်တင် အားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျရောက် သော တောင်သူလယ်သမားနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု တစ်ဝန်းလုံးရှိ ကျေးဇူးရှင် တောင်သူလယ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ အကျိုးစီးပွား အတွက် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက် ပန်းတိုင် အရောက် အတူ တကွ လက်တွဲ ကြိုးပမ်းသွားကြရန် နိုင်ငံတော် သမ္မတ က သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်းခဲ့သည်။

ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒ ၁၂ ရပ်တွင် “ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ် ရိက္ခာ ဖူလုံ စေရေး နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက် လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်”ဆိုသည့် မူဝါဒအား ချမှတ်ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အတူ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံလယ်ယာခြံမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ကုန် အထိ ဧကပေါင်း ၄၂၅,၄၀၆ ဧကကို ပြန်လည်၍ စွန့်လွှတ်ပေးအပ်နိုင်ခဲ့ပြီး အဆိုပါ ဧကများမှ ဧက ပေါင်း ၄၀၆,၇၁၉ ဧကအား တောင်သူလက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကျန်စွန့်လွှတ်မြေများကို လည်း သိမ်းဆည်းခံရသော တောင်သူလယ်သမားများ လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိရေး ကို ချမှတ် ထားသည့် မူဝါဒလုပ်ငန်းစဉ်နှင့်အညီ အလေးထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားလာရေးအတွက် ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေရှိမည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေး အ္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအ္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရန်အတွက် အရန်မျိုးစေ့များ စုဆောင်းထားရှိရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး၊ ဆည်ရေ သောက်စနစ်များ တိုးမြှင့်တည်ဆောက်ပေးနိုင်ရေး၊ ထွက်ကုန်၊ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ြွကင်းအာနိသင်များ ကင်းစေရေး၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျှော့ချရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေး၊ မျိုးစေ့ချ စတင်စိုက်ပျိုးသည့် အဆင့်မှ ဈေးကွက်သို့ တင်ပို့ရောင်းချသည့် အဆင့်ထိ လုပ်ငန်းစဉ်အဆင့်အားလုံးတွင် တောင်သူလယ်သမားများ လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိရေး၊ ခေတ်မီစိုက်ပျိုး နည်းပညာများ တောင်သူလက်ဝယ်အရောက် အလွယ်တကူရောက်ရှိရန် ပညာပေးရေး စသည့် လုပ်ငန်းများကိုလည်း အလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.