Connect with us

Social

တက္ကသိုလ်ဝင် စာမေးပွဲကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဆေးရုံစာဖြေဌာန လေးခု ဖွင့်လှစ်ရန် စီစဉ်ထား

၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ထွက်လာ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

ယခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ဆေးရုံ တက်ရောက်၍ ဆေးဝါး ကုသမှု ခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှု မရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဆေးရုံစာဖြေဌာန လေးခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကုသရေး ဦးစီး ဌာန နှင့် မြန်မာနိုင်ငံ စာစစ် ဦးစီး ဌာန တို့၏ ညှိနှိုင်းထားချက် အရ ဆေးရုံစာဖြေဌာန လေးခု ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၊ မြောက်ဥက္ကလာပ ပြည်သူ့ ဆေးရုံကြီး ၊ ဗဟို အမျိုးသမီး ဆေးရုံကြီး နှင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးတို့၌ ဖွင့်လှစ် ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ(လူနာ) များသည် အဆိုပါ ဆေးရုံကြီးများရှိ ဆေးလူမှု ဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီ တောင်းခံ နိုင်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117