ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာအုပ်စု ဘုရားရွာအနီး ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် ခရီးသည် ၄၀ဦးပါယာဉ်တိမ်းမှောက်ပြီး ၅ဦးသေဆုံး၊ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပြည်သူ ၃ ဦး ဆေးရုံတက်ရောက်ရမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ်စွန်ခွာတိမ်းရှောင်သူများအား ဒီဇင်ဘာ ၂၅ရက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပမည့် ၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တွင် ဆုမဲပေါင်း ၁၃၅၄၄၀ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိ လျှောက်ထားသူဦးရေမှာ ရှစ်သိန်းကိုးသောင်းကျော် ရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ ကာလာပရင်တာနည်းဖြင့် တုပပြုလုပ်ထားသည့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉,၃၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား- တနိုင်း ကားလမ်းမပေါ်ရှိ မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီက ဆိုင်ကယ်ဖြင့် တင်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၁၅ ပိဿာကျော် သိမ်းဆည်းရမိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းကြီးတွင်...