Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်

ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေးစခန်း တို့တွင် မြေနေရာများကို သတ်မှတ်သော နှုန်းထားနှင့်အညီ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူပြီး ဖြစ်သည့်အတွက် ဝင်ငွေနှင့် အကျိုးအမြတ်များ တိုးတက်ရရှိနိုင်မှာဖြစ်ပြီး ကျန်သော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော နှုန်းထားနှင့်အညီ ငှားရမ်းမည့် ကုမ္ပဏီများရှိပါက အငှားချထားနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ (၅)နှစ်ဆက်တိုက် အရှုံးပေါ်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်စီမံ ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စာရင်းစစ်ချုပ်ရုံးမှာ ဖော်ပြထားတဲ့ (၅)နှစ်ဆက်တိုက် အရှုံးပေါ်တဲ့ လုပ်ငန်းများအနက် နှစ်ရှည်ပင် စိုက်ပျိုးရေး လုပ်ငန်းကလွဲ၍ ကျန်လုပ်ငန်း(၄)ခုမှာ အခုအချိန်မှာ ရပ်နားထားပြီးတော့ စခန်းပိုင်မြေများကို ရေရှည်မှာ အကျိုးအမြတ် ရရှိနိုင်ရေး၊ စီးပွားရေး လုပ်ငန်းအသွင် ဆောင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီများတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ အညီ အငှားချထားဖို့လည်း ဆောင်ရွက်ခဲ့ပါတယ်။ အခု အခါ မစို စိုက်ပျိုးမွေးမြူရေးစခန်းနဲ့ ထောက်ကြန့် ကြက်မွေးမြူရေးစခန်းမှာ မြေနေရာတွေကို သတ်မှတ်တဲ့ နှုန်းထားနဲ့ အညီ ငှားရမ်းမယ့် ကုမ္ပဏီတွေကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ အတည်ပြုချက် ရယူဆောင်ရွက်ပြီး ဖြစ်တဲ့ အတွက်ကြောင့် ကော်မတီနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဝင်ငွေနဲ့ အကျိုးအမြတ်ကို တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျန်လုပ်ငန်း (၂)ခုကိုလည်း သတ်မှတ်ထားတဲ့ နှုန်းထားနဲ့အညီ ငှားရမ်းမယ့် ကုမ္ပဏီတွေ ရှိလာရင်လည်း ဆက်လက် အငှားချထားနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးမွေးမြူရေး စခန်း(၁၂)ခု နှင့် စက်ရုံ(၂)ခု၊ စုစုပေါင်းလုပ်ငန်း (၁၄)ခု ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး စခန်း(၅)ခုတွင် နှစ်ရှည်ပင် စိုက်ပျိုးရေး လုပ်ငန်းအနေဖြင့် ကြက်ဆူပင်မှ နှစ်ရှည်ကျွန်းပင် ပြောင်းလဲ စိုက်ပျိုးဆဲဖြစ်၍ စိုက်ပျိုးစရိတ် ရင်းနှီး မြှုပ်နှံထားရှိခြင်းကြောင့် အရှုံးဖြစ်ပေါ်ရခြင်း ဖြစ်ပြီး ကျန်စိုက်ပျိုးမွေးမြူရေး စခန်း(၄)ခုမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် စတင် ရင်းနှီးမြှုပ်နှံငွေများနှင့် ပုံသေပိုင်ပစ္စည်းများ နှစ်စဉ်တန်ဖိုး လျော့ချခြင်းကြောင့် လည်းကောင်း၊ သတ်မှတ်နှုန်းထားနှင့် အညီ ငှားရမ်းဆောင်ရွက်မည့် ကုမ္ပဏီမရရှိသေး၍ ဝင်ငွေမရှိခြင်းကြောင့် အရှုံးဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.