Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တွင် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ အများ ပြည်သူအားကစားကွင်း အဖြစ် ဆောင်ရွက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဒေသာလမ်း၊ မဂ္ဂလမ်း၊ တော်ဝင်လမ်းကြားတွင် ရှိသော မြေကွက်လပ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ဘဏ္ဍာငွေ (သို့မဟုတ်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ အများ ပြည်သူအားကစားကွင်း အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့၊ နံနက် (၁၀)နာရီက ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက “ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၇)ရပ်ကွက်ရှိ ပဒေသာလမ်း၊ မဂ္ဂလမ်း၊ တော်ဝင်လမ်းကြားတွင်ရှိသော မြေကွက်လပ်အား ပြည်သူများ အနားယူအပန်းဖြေ နိုင်ရန်အတွက် အဆင့်မီပန်းခြံ တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မည်သည့် ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်”ကို သိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြို့နယ်တစ်မြို့နယ်မှာ ပန်းခြံတစ်ခြံ တည်ဆောက် ပေးရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့နေရာမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ခိုင်သဇင်လမ်း၊ သော်ကမြိုင်လမ်း၊ သော်ကမြိုင်(၁) လမ်းနဲ့ သော်ကမြိုင်(၂)လမ်းကြားမှာ ဒဂုံဆိပ်ကမ်း ပန်းခြံကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး လည်းဖြစ်ပါတယ်။ အဲ့ဒီ့မြေကွက်လပ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ချက်ဘဏ္ဍာငွေ (သို့မဟုတ်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ် မူတည်ပြီးတော့ အများပြည်သူ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး၏ (၁၇)ရက်မြောက်နေ့ကို မနက်ဖြန်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)