ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) အဖွဲ့၏ ၂၇-၈-၂ဝ၁၈ ရက်ထုတ် အစီရင်ခံစာသည် ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်း၌ စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုများကို သာ ပိုမိုဖြစ်ပေါ်စေမည်ကို မြန်မာအစိုးရအနေဖြင့် ဝမ်းနည်းဖွယ်ရာ တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ထီးချိုင့်မြို့နယ်၊ကြို့ကုန်းကျေးရွာအတွင်းမှ ငွေကျပ်(၈၉)သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ငွေကျပ် ၇,၂၉၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရရှိခဲ့ကြောင်း ပြန်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း (တတိယအကြိမ်) တနင်္သာရီ မြစ်ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့သော ကျောင်းများအနက် ကျောင်း (၄၆)ကျောင်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွာလ် ရပ်ကွက်တွင် ယနေ့သြဂုတ် ၃၁ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် တောင်မြေစာ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ပြည်တွင်းဈေးကွက်အတွင်းရှိ ဆေးဝါးများ ကိုစိစစ်ခဲ့ရာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါး (၈)မျိုးကို စိစစ်တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်တွင်း ရေကြီးမှုဖြစ်ပေါ်ပြီး ကားလမ်းများရေကျော်ခြင်း၊ နေအိမ်များရေကြီးမှုများဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် ရာ၌ အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။