Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ လားရှိုးမြို့ တွင်ပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- MOH)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ် (ဌ/၁၂/၁၇၀)နေ ဒေါ်ကျန်ရှောက်ကွယ်(၅၁)နှစ်၏ ခြံဝင်းအတွင်း ဒီဇင်ဘာလ ၃ ရက်နေ့ ၀၂း၃၀နာရီ အချိန် တွင် နေအိမ်အဆောက်အဦရှေ့ ၁၂ ပေခန့်အကွာ ခြံစည်းရိုးအုတ်တံတိုင်းအနီး ရေမြောင်းငယ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လားရှိုးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ အုတ်တံတိုင်း ၄ လက်မခန့်နှင့် ရေမြောင်းငယ်ဘောင် ၄ ပေခန့် ကျိုးပဲ့ပြီး သံပန်းတံခါး အနည်းငယ်ပေါက်ထွက်ခဲ့ကာ နေအိမ်ရှေ့တွင် ရပ်ထားသည့် 4I/×××× Honda Fit ယာဉ်၏ နောက်မှန်ကွဲအက် ပျက်စီးဆုံးရှုံးခဲ့ပါသည်။

အဆိုပါဖြစ်စဉ်အား စုံစမ်းရာ လွန်ခဲ့သော ၂၀ ရက်ခန့်က လားရှိုးမြို့နယ်၊ နောင်ရိုးကျေးရွာရှိ ဒေါ်ကျန်ရှောက်ကွယ် ပိုင်ဆိုင်သည့်ယာမြေအား သမီးဖြစ်သူ မကြူဆုံဆီ(၃၇)နှစ်နှင့် ထွန်းနိုင်(ခ) စိုင်းအိုက်ရွှေ(ခ)အိုယွမ်(၄၆)နှစ်တို့ က ရောင်းချခဲ့ရာ ဒေါ်ကျန်ရှောက်ကွယ်မှ တားမြစ်သည်ကို မကျေနပ်၍ ၎င်းထံ ဖုန်းဆက်သွယ်ပြီး နေအိမ်သို့ ဗုံးဖြင့်လာရောက်ခွဲမည်ဟု မကြာခဏ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသဖြင့် ဒေါ်ကျန်ရှောက်ကွယ်၏ နေအိမ်အား ဗုံးဖြင့်ဖောက်ခွဲသူ ထွန်းနိုင်(ခ)စိုင်းအိုက်ရွှေ(ခ)အိုယွမ်းအား လားရှိုးနယ်မြေရဲစခန်း(ပ)၁၉၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ (သေစေရန်ပြုလုပ်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.