Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၌ သိန်း ၁၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၄ရက် နံနက် ၁နာရီ၌ ယာဉ်တစ်စီးအား ရှာဖွေစစ်ဆေးစဉ် ကျပ် သိန်း ၁၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းတွင် မူဆယ်မြို့မှ ရန်ကုန်မြို့ ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသည့် ခရီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေသူနှစ်ဦး တင်ဆောင်လာသည့် ပစ္စည်းများအား ရှာဖွေရာ စက္ကူပုံးအတွင်း ကြွတ်ကြွတ်အိတ်များဖြင့်ထည့်ထားသည့် မုန့်ညှင်းချဉ်များနှင့်ရောနှောသယ်ဆောင်လာသော စိတ်ကြွရူးသွပ် ဆေးပြား ၂၉,၉ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၉၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း သိမ်းဆည်းရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံနှစ်ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.