Connect with us

Sport

မြန်မာ့လက်ရွေးစင်ယူ-၁၉ ဖူဆယ် အသင်းသည် ပထမဆုံး ပွဲစဉ်အဖြစ် မလေးရှားယူ-၁၉ ဖူဆယ်အသင်း နှင့် ယနေ့ယှဉ်ပြိုင်ကစားမည်

ပွဲကြိုသတင်းစာရှင်းလင်းပွဲအပြီးတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

AFC U-20 Futsal Championship 2019 ပြိုင်ပွဲ ဝင် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဖူဆယ် အသင်းသည် ပထမဆုံး ပွဲစဉ်အဖြစ် မလေးရှားယူ-၁၉ဖူဆယ် အသင်း နှင့် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း MFF Futsal မှ သတင်းထုတ်ပြန်သည်။

ဦးဌေးမြင့် (မြန်မာအသင်းနည်းပြချုပ်) က “မလေးရှားအသင်းနဲ့ပွဲစဉ်ဟာခက်ခဲမယ့် ပွဲစဉ်တစ်ပွဲဖြစ်မှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ အာဆီယံဒေသအတွင်း အကောင်းဆုံးအသင်းများဖြစ်တဲ့ မလေးရှား၊ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ဒါပေမယ့် ပွဲစဉ်တိုင်းကို အကောင်းဆုံးကစားပြီး ခြေစစ်ပွဲ အောင်မြင်အောင် အစွမ်းကုန်ကြိုးစားမှာပါ’’ ဟုပြောသည်။

မလေးရှားအသင်းနည်းပြချုပ်ကလည်း “မြန်မာအသင်းက ထိုင်းနိုင်ငံကို ကြိုရောက်ပြီး ခြေစမ်းပွဲတွေ လာရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာအသင်းက အုပ်စုတွင်းမှာ အင်အားနည်းတဲ့အသင်းဖြစ်ပေမယ့် လေးလေးစားစားယှဉ်ပြိုင်သွားမှာပါ။’’ ဟု AFC U-20 Futsal Championship 2019 ပြိုင်ပွဲ၊ ပွဲကြိုသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.