Connect with us

Politics, Law & Military

ရှမ်းနှင့် ချင်းပြည်နယ်တို့၌ အမေရိကန် ဒေါ်လာ ၃သန်းကျော်သုံးစွဲပြီး စီမံကိန်းများ ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုး

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Terra People Association (TPA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနေမှုအားတွေ့ရစဉ်(နယ်စပ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရှမ်းနှင့် ချင်းပြည်နယ်တို့ရှိ မြို့များတွင် အမေရိကန် ဒေါ်လာ ၃သန်းကျော်အကုန်ကျခံပြီး လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် Terra People Association (TPA) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့ ၁၁နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာအနေဖြင့် အပြန်အလှန် ဆက်နွယ် အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအား ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်တရားမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် အမေရိကန်ဒေါ်လာ (၃,၀၀၄,၂၀၀) ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီမံကိန်းကာလ (၄) နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.