Connect with us

Politics, Law & Military

မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး အား လက်ခံတွေ့ဆုံစဉ်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.