နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်အားလုံးတို့သည် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုပြုနိုင် သော တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ကွန်ပရက်ဆာဂက်စ်အိုးပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းစခန်းရှေ့တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၁၀,၀၀၀ ပြားနှင့် ဘိန်းဖြူ ၄.၈၈၄ ကီလို (စုစုပေါင်းတန်ဖိုး ကျပ် ၄၁,၁၈၄ သိန်း)ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၈ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှ ရရှိသည့် ဆုလက်မှတ် အပါအဝင် ဆုလက်မှတ် ပေါင်း ၁၂,၀၀၅ ဆုကို...
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၂.၆၂)၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၂)အဆင့်ရှိအင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့အတွင်းမှ ကျပ် ၁၆၅၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ဟန်-နမ္မချီး ခရီးသွားလမ်း၌ မူးယစ်ဆေးဝါး ၂၂ဝ ဂရမ်နှင့် ဆေးပြား ၉ဝဝ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) စက်မှုလုပ်ငန်းများနှင့် မြို့ပြတိုးချဲ့မှုများ ကြောင့် မြေ၊ ရေ၊ လေ စသည့် ပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗ ဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေး၌ ဒုတိယ သမ္မတ...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။