Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် G&G စတိုးအတွင်း လုယူသူများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် G&G စတိုးအတွင်း လုယူသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် G&G စတိုးအတွင်း လုယူသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် ၊ ဌာနလမ်းထိပ်ရှိ G&G စတိုး ဆိုင်သို့ ် ၂၄.၁၁.၂၀၁၈ ရက်နေ့ ၀၁း၂၀နာရီ အချိန် တွင်လူငယ်သုံးဦးခန့် ဆိုင်အတွင်းသို့ဝင်လာပြီး အရောင်းဝန်ထမ်း ကို——–အားထိုးကြိတ်မည်ပြောဆိုကာ လူနှစ်ဦးက ကို——-အနီး၌စောင့်နေခိုင်းပြီး ကျန်တစ်ဦးကကို– ၏အကျီ ၤ

အိတ်ကတ် အတွင်း ထည့်ထားသော Vivo ဖုန်းအား ဆွဲယူပြီး အံဆွဲအတွင်းမှ ဈေးရောင်းရငွေ ၃၈,၀၀၀ ကျပ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် အရောင်းဝန်ထမ်း ကို—– မှ အလုံမြို့မရဲစခန်း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် တိုင်တန်း၍ အမှုရေးဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးညွှန်ကြားချက်နှင့်အညီ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ ကိုယ်တိုင်ကြပ်မတ်၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အဖွဲ့များ ဖွဲ့စည်းပြီး အခင်းဖြစ်နေရာအား အသေးစိတ်စုံစမ်း

ခဲ့ရာ ၂၅.၁၁.၂၀၁၈ ရက်နေ့ ၂၀း၄၅နာရီ အချိန်တွင် အလုံမြို့နယ်၊ စောရန်နိုင်အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲစတိတ်ရှိုးပွဲပြုလုပ်သည့်နေရာတွင် လုယက်မှု၌ပါဝင်သောလသာမြို့နယ်၊ (၇)ရပ်ကွက်နေ

စိုင်းအောင်ကောင်းမြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း (၁၇)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ယင်းအမှုအားကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းတို့ ၃ ဦးနှင့်အတူ လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက် နေ ဟိန်းစိုးအောင်ဆိုသူပါ ပါဝင်ကြောင်း သိရသဖြင့် သွားရောက်စုံစမ်းရာ ဟိန်းစိုးအောင်မှာ နေအိမ်တွင် မရှိသဖြင့် ဆက်လက်စုံစမ်းရှာဖွေရာ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်တွင် ပြစ်မှုကျူးလွန်သူ ဟိန်းစိုးအောင်(၂၂)နှစ် အားဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများထံမှ သက်သေခံပစ္စည်းများအားပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.