Connect with us

Politics, Law & Military

ဝေဖန်ထောက်ပြရာတွင် အပြုသဘောအမြင် ဖြစ်စေလို ဟု သမ္မတ ပြောကြား

သတင်းမီဒီယာကောင်စီ ကျမ်းကျိန်ပွဲတွင် သမ္မတ မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

သတင်းမီဒီယာသမားများ အနေဖြင့် ဝေဖန်ထောက်ပြရာတွင် အပြုသဘောအမြင် ဖြစ်စေလိုသည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ညနေပိုင်း၊ သမ္မတ အိမ်တော်၌ ပြောကြားခဲ့သည်။

“၂၁ ရာစုမှာ ပြည်သူလူထုက သိချင်တဲ့ ကိစ္စတွေ များပြားလာတာနဲ့အမျှ သတင်းမီဒီယာသမားများ ဘက်ကလည်း အဖြစ်အပျက်မှန်မှု၊ အချက်အလက် တိကျခိုင်လုံမှု၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ထိခိုက်နစ်နာမှုရှိ မရှိ ဆင်ခြင်တုံတရားထားရှိဖို့ ၊တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန် သတိထားဖို့၊ နိုင်ငံတော်ရဲ့လုံခြုံရေးကို စောင့်ထိန်းဖို့ စသည်တို့ကို ဂရုစိုက်ဖို့လိုအပ်မှာဖြစ်ပါတယ်၊

ကျွန်တော်တို့ ဆွေးနွေး ပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမို ကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်း ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီ ပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည် ဆောက်ရေးကို ဦးတည်ပြီး အပြုသဘောအမြင်ဖြစ်စေလိုပါတယ်” ဟု မကြာမီက ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအသစ်၏ သမ္မတ ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာကောင်စီအသစ် ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ် (ဆင်ဟွာ)

ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် သမ္မတက “အပြုသဘောအမြင်နဲ့ ရေးသားထောက်ပြကြသော်လည်း ရေးသားပုံ၊ ရေးသား နည်း တင်ပြပုံ၊တင်ပြနည်း မမှန်ကန်ပါက အထင်အမြင် လွဲမှားပြီး ခုတ်ရာတခြား ရှရာတစ်ခြား ဖြစ်ကာ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သို့ ကူးပြောင်းစ နိုင်ငံဖြစ်ပါတယ်။ လမ်းရိုး လမ်းဟောင်းမှ လမ်းသစ်ကို ဖောက်ထွက်နေရတဲ့အခါ ရှောင်လို့ မရတဲ့ အခက်အခဲ အကြပ်အတည်း တွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ အရင်းအနှီး ကြီးကြီးမားမားပေးပြီး ရှားရှား ပါးပါးရရှိထားတဲ့ ဒီမိုကရေစီ အပင်ပေါက်လေး ရှင်သန်ကြီးထွားရေးကို အားလုံးအလေးအနက် ထားကြစေလိုပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် အားလုံးရဲ့ စုပေါင်းအင်အားနဲ့ မလုပ်နိုင်ကြရင် အနာဂတ်နိုင်ငံနဲ့ နောက်မျိုးဆက်သစ်တွေအပေါ် ကျွန်တော်တို့တွေ တာဝန်မကျေရာ ရောက်ပါမယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ပြည်သူနဲ့အတူ ညီညီညွတ်ညွတ်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီမိုကရေစီ ပန်းတိုင် ရောက်သည်အထိ ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

သမ္မတ အိမ်တော်၊ သဘင်ဆောင်တွင် ယနေ့ညနေ ကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား သို့ ပြည်ထောင်စု ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြပြီး ဟံသာဝတီ ဦးအုန်းကြိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် သတင်းမီဒီယာကောင်စီဝင် ၂၉ ဦးတို့အား သမ္မတက လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.