Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၅၄,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ပစ္စတိုကျည်များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၅၄,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ပစ္စတိုကျည်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ၂၁း၃၀နာရီ အချိန် တပ်မတော်သားများသည် ကျောက်မဲမြို့နယ်၊ တောင်နောက် ကျေးရွာနေ လိုင်းမောင် ၏နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိကွပ်ပျစ်(ကုတင်) ပေါ်တက်သည့် သစ်သားခြေနင်းခုံအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇၂,၀၀၀ ပြား (တစ်ပြားလျှင် ကျပ်၂၀၀၀ နှင့်တွက်ပါက ကျပ်သိန်း၁၅၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ) နှင့် ၉ မမ ပစ္စတိုကျည် ၂၁ တောင့် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဦး—(၅၆) နှစ် အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.