Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ပိဿာ ၁၀၀ကျော်အား သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ကျောက်စိမ်းအရိုင်းတုံးများအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ပိဿာ ၁၀၀ကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ်သိန်းစိုး ဦးစီးတပ်ဖွဲ့ဝင်များသည် မရမ်ကထောင်ပူးပေါင်းစစ်ဆေးဂိတ်မှ တာဝန်ရှိသူများနှင့်အတူ ယာဉ်အဝင်အထွက်များ စစ်ဆေးဆောင်ရွက်နေစဉ် ဖားကန့်ဘက်မှ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်နေ အောင်ကျော်ဦး(ခ)သူရ(၃၂)နှစ် မောင်းနှင်လာသည့် CANDA-125 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ပီနံအိတ်နှစ်လုံးနှင့် တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၃၂ တုံး အလေးချိန် ၁၀၃ ပိဿာအား လည်းကောင်း၊ပြင်ဦးလွင်မြို့နယ် ရွာသာယာကျေးရွာနေ စိုးလှိုင်(၃၂)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9M/—- အံစာတုံးအမျိုးအစား မော်တော်ယာဉ်ပေါ်မှ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်အသေးအရွယ်စုံ ၅၂ တုံး အလေးချိန် ၁၃ ပိဿာအား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသူ အောင်ကျော်ဦး(ခ)သူရနှင့် စိုးလှိုင်တို့နှစ်ဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် ကျောက်မျက်ဥပဒေပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.