ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) လူကုန်ကူးသူများ၏အန္တရာယ်ကကင်းဝေးပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများကို ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ယနေ့နံနက် ၈နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင်...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာ၍ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) လူကုန်ကူးမှု မဖြစ်ပွားရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရာတွင် အထူးစီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၂) ဦးဗန်ထီးယူက ယနေ့ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇,၂၅ဝ နှင့် ရွှေထည်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရန်ကုန် စာတိုက်ကြီး နှစ်(၁၁ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ငွေကျပ် ၂ဝဝ တန် အထူးထုတ် တံဆိပ်ခေါင်း တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆) မှ (၄၇) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း၊ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။