Connect with us

Politics, Law & Military

AGD ဘဏ်သည် EMV အခြေပြု UnionPay Chip ကတ်များဖြင့် ငွေသားထုတ်ယူမှုများကို စတင်လုပ်ဆောင်ခွင့်ပြု

AGD Pay အားတွေ့ရစဉ် (ဓာတ်ပုံ-- AGD ဘဏ်)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) သည် EMV အခြေပြု UnionPay Chip ကတ်များဖြင့် ငွေသားထုတ်ယူမှုများကို ၎င်း၏ ATM များအားလုံးတွင် စတင်လုပ်ဆောင်ခွင့်ပြုပြီဖြစ်ကြောင်း AGD ဘဏ် မှ သတင်းထုတ်ပြန်သည်။

EMV ဆိုသည်မှာ chip အခြေပြုကတ်များ နှင့် Point-of-sale ကိရိယာများ သို့မဟုတ် ATM ကတ်များအကြား ဖလှယ်အသုံးပြုနိုင်မှုကို ထောက်ပံ့ပေးသည့် နည်းပညာဆိုင်ရာ အသေးစိတ်စနစ်တစ်ခုဖြစ်ကြောင်း၊ ငွေအတုထုတ်လုပ်ခြင်း နှင့် လိမ်လည်ထုတ်ယူခြင်းများကို လျှော့ချရန် နှင့် ငွေပေးချေမှုနည်းလမ်းအားလုံးကို နိုင်ငံတကာမှ အသိအမှတ်ပြုသည့် နည်းစနစ်တစ်ခုတည်းဖြင့် စံပြုအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

AGD Bank Ltd၊ UnionPay International၊ Diebold Nixdorf တို့သည် ၎င်းတို့ ၏ နယ်မြေခံမိတ်ဖက်များဖြစ်သည့် ACE Data Systems ၊ Myanmar Golden Rock Intl.ltd တို့သည် EMV စနစ်ကို အချိန်သုံးလ အပိုင်းအခြားအတွင်း လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.