Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံ၊ ဟိုပုံးနှင့် ကလောမြို့နယ်တို့၌ ဘိန်းခင်းများအားဖျက်ဆီး

ဘိန်းခင်းအားဖျက်ဆီးနေစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံ၊ ဟိုပုံးနှင့် ကလောမြို့နယ်တို့၌ ဘိန်းခင်းများအားဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့သည် ပင်လောင်းမြို့နယ်၊ တောင်လေး(မ)ရွာ အနောက်ဘက်(၂)မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းခင်း ၁၆.၅ ဧကခန့်နှင့် အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းခင်း ၇.၅ ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း(၂၄)ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ထီလုံး ဆူကျေးရွာ တောင်ဘက်(၁)မိုင် (၂)ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးစီးသည့် အဖွဲ့သည် ဖယ်ခုံမြို့နယ်၊ ငုပလိုငံကျေးရွာအရှေ့တောင်ဘက်(၁)မိုင်ခန့်၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၅ ဧကခန့်နှင့် ဖယ်ခုံမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးအဖွဲ့သည် လတိန်ကျေးရွာ တောင်ဘက်(၁)မိုင်ခန့်၌ အမြင့် ၂ ပေခန့် ဘိန်းခင်း ၃ ဧကခန့်အား အသီးသီးဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ထို့အတူ ဟိုပုံးမြို့မရဲစခန်းမှူး ဦးစီးသည့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ကျောက္ကချား ကျေးရွာတောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ လက်မခွဲခန့်ရှိ ဘိန်းခင်း ၃ ဧကခန့်အား လည်းကောင်း၊ ကျေးရွာအနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၃ လက်မခန့်ရှိ ဘိန်းခင်း ၅ ဧကခန့်၊ အမြင့် ၁ ပေခန့် ဘိန်းခင်း ၃ ဧက ခန့်နှင့် ကျေးရွာအနောက်ဘက်၌ ၆ လက်မခန့် ဘိန်းခင်း ၁ ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း(၁၂)ဧကခန့်အား ဖျက်စီးခဲ့ကြောင်း၊ တပ်မတော်သားများ၊ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ မြောင်းချောက်ကျေးရွာ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ ဘိန်းခင်း ၃.၅ ဧက၊ အနောက်တောင်ဘက် ၁၀ မိုင် ၆ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်း ၃ ဧက၊ စုစုပေါင်းဘိန်းခင်း(၆.၅)ဧကအား ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.