Connect with us

Social

အလုပ်သမား ၁ ဒသမ ၂၅ သန်းအတွက် လူမှုဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့သည် လူမှု ဖူလုံရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အကျုံးဝင် အာမခံ အလုပ် သမား ပေါင်း ၁ ဒသမ ၂၅ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များ ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“ဒီလိုဆောင်ရွက်ရာမှာ မြို့နယ်ပေါင်း ၁၁၆ မြို့နယ်မှာ အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၇ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၅ ခန်း၊ လူမှုဖူလုံရေး Care well ဆေးခန်း နှစ်ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်းတို့အပြင် ရွေ့လျား ဆေးကုသယာဉ် နှစ်စီးတို့နဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော် M Gallery Hotel တွင် ယနေ့ ကျင်းပသော လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့သည်။

ILO ဆက်ဆံရေး အရာရှိ Mr. RoryMungoven အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် လူမှုဖူလုံရေး ဥပဒေ၌ အာမခံစနစ် ခြောက်မျိုး ပါဝင်ကြောင်း၊ နိုင်ငံ တော်၏ လူမှု စီးပွား ဖွံ့ဖြိုးမှု အခြေအနေအရ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံ စနစ်၊ မိသားစု ထောက်ပံ့မှု အာမခံ စနစ်နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံ စနစ်တို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ငန်းခွင် ထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါများကြောင့် နှစ်စဉ် သေဆုံးသူဦးရေ ၂ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ ၁၇၀ ခန့်တို့က ကျင့်သုံးလျက်၇ှိသော EII:_ Employment Injury Insurance စနစ် အပါအဝင်လူမှု ဖူလုံရေးအာမခံ စနစ်များကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို မလွဲမသွေ ရရှိမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

ILO နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ပြီး အောက်တိုဘာ ၃၀ မှ ၃၁ ရက်အထိ နှစ်ရက်တာ ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ အလုပ်သမား စံနှုန်းများ (ILS)နှင့် လက်တွေ့လိုက်နာ ကျင့်သုံးခြင်း၊ လုပ်ငန်းခွင် ထိခိုက် မှု ဆိုင်ရာ နောက်ဆုံးရ သဘောတူညီချက်များနှင့် အကြံပြုချက်များ၊ ဖြစ်သင့်သည့် အကျိုးခံစားခွင့် များ၊ အရေးဆိုပိုင်ခွင့် နှင့် အယူခံပိုင်ခွင့်၊ တန်းတူညီမျှ အရေးယူ ဆက်ဆံမှု၊ အစိုးရ၏ ယေဘုယျ တာဝန်များ၊ အာမခံထားသူများ၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှု၊ ရန်ပုံငွေ ရှာဖွေ ပံ့ပိုးမှု၊ စသည့် အချက် များကို ဆွေးနွေးကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.