နေပြည်တော်၊ သြဂုတ် ၁ ရက် ဆင်ဟွာ လပေါင်း သုံးဆယ်ပြည့်မြောက်သွားပြီ ဖြစ်သည့် ပြည်ထောင် စု လွှတ်တော် နာယက တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထဲသို့လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြိုင်ကလေး ကျေးရွာကြားရှိ ကားလမ်း ရေကျော်မှု ဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အစိုးရ၏ ကာလတို ရည်မှန်းချက်အရ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၉၈၀၀ ခန့်တို့ကို မီးပေး နိုင်မည်ဟု မျျှော်မှန်းထားကြောင်း...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့၊ သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့ တို့တွင် စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်၍ မဒေါက်မြို့ နှင့် ဘားအံမြို့တို့တွင် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်ကြသူများ အနေဖြင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန် မိုးလေဝသ...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၊ သုံးဆူ-သံဖြူဇရပ်လမ်း၊ အပလုံကျေးရွာ ရှိမိုင်တိုင် ၄၅/၁ (ပြောင်မထိန် ကျေးရွာအုပ်စု)ဘေလီ သံဘောင်တံတား (အရှည်ပေ ၅၀၊ အကျယ် ၁၄ပေ) သည် ဇူလိုင် ၂၄ ၇က် နံနက် ၇ နာရီတွင်တောင်ကျချောင်းရေနှင့် အတူမျောပါကာ...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော သံလွင်တံတား(ဘားအံ)ပေါ်သို့ ယာဉ်ငယ်များ ဖြတ်သန်းခွင့်မ ပြုသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန(ကရင်ပြည်နယ်)က ထုတ်ပြန်သော အသိပေး ကြေညာချက်အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဇူလိုင်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၂ ဦး ရှိကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ရေကြီးနစ်မြုပ်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လယ်မြေများ အချိန်မီ စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေ သည် ကရင်ပြည်နယ် ဘားအံမြို့ တွင် (၅)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း (၂)ပေခန့် ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ထောင်စု အားလုံး၏ ၇၀ ရာခိုင်နှုန်း (အိမ်ထောင်စု ၇ ဒသမ ၅ သန်း)တို့သည် ခေတ်မီ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ သုံးစွဲနေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြခဲ့သည်။