Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်၊ကြာလန် မဲနေသောဧရိယာမှ ရွှေစင်ပြားများအား စစ်ဆေးမည်

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်နေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်၊ကြာလန် မဲနေသောဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁၀ချပ်အား ခွာ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ရွှေပန်းတိမ်ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူရာတွင်လည်း ရွှေတိဂုံစေတီတော်တစ်ဆူလုံးရှိ ရွှေပြားသင်္ကန်းတော်များအား မခွာရန်နှင့် ရွှေသင်္ကန်းကပ်လှူရာတွင် အလှူရှင်များအနေဖြင့် ရွှေစင်ရွှေပြား အစစ်ဖြင့်သာ ကပ်လှူလိုသဖြင့် ရွှေစင်ပြားများ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သို့ ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ ရွှေတိဂုံစေတီတော်ကြီး၌ ငှက်ပျောဖူးတော်အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ်(ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း(ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း(ကျည်းခွေ)၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား(Gold Plate)ဖြင့်သာ ရနိုင်သလောက် ကပ်လှူရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ရွှေပြား(Gold Plate)ရွှေသင်္ကန်းတော် မကပ်လှူနိုင်သည့် ဧရိယာများအား ရွှေမျက်ပါး/ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.