Connect with us

Sport

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း ပဏာမ ကစားသမား စာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း ပဏာမ ကစားသမား စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF Futsal)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၈ အာဆီယံဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ပဏာမ ကစားသမားစာရင်း အား မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းကို အသင်းမန်နေဂျာ အဖြစ် ဦးကြည်မင်းသိန်း၊ နည်းပြချုပ် အဖြစ် ဦးဌေးမြင့်၊ လက်ထောက်နည်းပြ အဖြစ် ဦးကျော်ဇင်ညွှန့်၊ ဂိုးနည်းပြ အဖြစ် ဦးထွန်းထွန်းလတ်၊ အသင်းအတွင်းရေးမှူး အဖြစ် ဦးအောင်မော်သိန်း၊ အကြောကျွမ်းကျင် အဖြစ် ဦးအောင်အောင်တို့က တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ပဏာမ ကစားသမား ၂၂ ဦးကို ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ စခန်းသွင်းလေ့ကျင့်မှု များ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် တရုတ်နိုင်ငံသို့ အောက်တိုဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ သွားရောက် လေ့ကျင့်မည် ဖြစ်ပြီး ပဏာမ ကစားသမား ၂၂ ဦးထဲမှ ၂၀ ဦးကို ရွေးချယ် ခေါ်ယူသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.