ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူ (၁၉၄) ဦး၏ မိုးစပါးစိုက်ဧက (၄၉၂) ဧက ရေနစ်မြုပ်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနှင့်ထိုင်း လက်ရွေးစင်ဘောလုံးအသင်း ခြေစမ်းပွဲအား လာမည့် အောက်တိုဘာ ၅ ရက်နေ့၊ ညနေ(၆း၃၀)နာရီ၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ယနေ့ နံနက် ၃ နာရီ ကျော်ခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းပြည်နယ် ဟားခါး နှင့် ဖလမ်း မြို့နယ်များအတွင်း မြေပြိုကျမှုများ ဖြစ်ပွားကာ လူနေအိမ် အချို့ဘေးလွတ်ရာသို့ရွှေ့ပြောင်းရမှုများ ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည် ကိုရီးယားသမ္မတ နိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ Mr. Kim Jung Han(မစ္စတာကင်ဂျွန်ဟန်) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ မှုခင်းသိပ္ပံ ဘာသာရပ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး...
နေပြည်တော် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆိုကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ မြစ်ရေတိုက်စားခြင်းဒဏ်ခံရသည့် မြို့နယ်ခြောက်ခုမှ ကျေးရွာ ၁၂ ရွာကို ယခုနှစ် ဒီဇင်ဘာလတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းမှုအကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားမှု” (Speech by the State Counsellor...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ယူ-၁၈ ပြိုင်ပွဲတွင် နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာဖြင့် အသင်းအား ဦးဆောင်နိုင်မှု မရှိသည့်အတွက် MFF နည်းစနစ်အဖွဲ့နှင့် စည်းဝေး ဆုံးဖြတ်ပြီးနောက် ပြင်သစ်နည်းပြ ဘန်လာဘီ အား...