နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၅၄ ရက်တာ ကာလတွင် ဥပဒေကြမ်း ၃၃ ခုတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ၌ ၁၆ ခုကို အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးသည် ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ ဆေးကုသမှုခံနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးရုံမှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုအပေါ် မှီခိုမှုအား လျှော့ချနိုင်ရေးအတွက် ဝါးနှင့် ကြိမ် သယံဇာတများ ထုတ်လုပ် အသုံးပြုခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအား အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် သယံဇာတနှင့် သဘာ၀...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ် တို့ မြစ်ရေများမြင့်တက်နေသည့်အတွက် မြစ်ကြောင်းတလျောက်ရှိ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေ ၊ ငွေ နှင့် ကြေး စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၇...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ လက်ရှိ ထုတ်လုပ်နေသည့် မြွေဟောက် အဆိပ်ဖြေဆေးနှင့် မြွေပွေး အဆိပ်ဖြေဆေးအပြင် မြွေပွေး သာမက မြွေဟောက်အတွက်ပါ အဆိပ်ဖြေပေးနိုင်သည့် အဆိပ်ဖြေဆေးအသစ်ကို လာမည့်နှစ်အတွင်း ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)ထံမှ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊...
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အာရှဖလားခြေစစ်ပွဲ ကာဂျစ်စတန်အသင်းနှင့်ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းများအားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ထိုသို့ မကျင့်သုံးသည့်မော်တော်ယာဉ်များအား စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။