Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး တွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများအား တရားစွဲဆိုဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး တွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်မေးမြန်း၊ ဖြေကြားနေစဉ် (ဓာတ်ပုံ--ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စမ်းချောင်းမြို့နယ်အပါအဝင် အနောက်ပိုင်းခရိုင်အတွင်းရှိ အခြားမြို့နယ် များတွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများအား ၁.၁၂.၂၁၀၆ ရက်နေ့မှ ၂၅.၈.၂၁၀၇ ရက်နေ့အထိ တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

လမ်းဘေးဈေးရောင်းချခြင်း (၈၀၈)မှု၊ ဒဏ်ကြေးငွေ (၁၄,၅၂၂,၅၀၀)ကျပ်၊ လိုင်စင်ရှိ ကျူးကျော်လုပ်ငန်း(၄၉၇)မှု၊ ဒဏ်ကြေးငွေ(၃၉၄၇၇၀၀၀)ကျပ်၊ နောက်ဖေးလမ်းကြား ကျူးကျော်မှု(၃၈)မှု၊ ဒဏ်ကြေးငွေ(၁၄၆၅၀၀၀)ကျပ်တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေပြင်ကွင်းဆင်း၍ ကျူးကျော်လုပ်ငန်းများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၅၃ အရ သတ်မှတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ဒဏ်ငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင်အားပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဒ်မ ၅၃ အရ အရေးယူဆောင်မှုအပေါ် လိုက်နာခြင်းမရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်နေပါက ဥပဒေပုဒ်မ ၆၈၊ ၆၉ တို့ဖြင့် တရားစွဲအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုင်ခန်းနှင့် လုပ်ငန်းလိုင်စင်များ ချထားပေးမှုအပေါ် လိုင်စင်ပါ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိပါက အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။

စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ဟူသည့် မေးခွန်းအား ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.