Connect with us

Politics, Law & Military

တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည် ထူထောင်မှုကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ဟုဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည် ထူထောင်မှုအပါအဝင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် မြေပြင်သွားရောက်ကြည့်ရှုလေ့လာခဲ့မှုအပေါ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ခံစားမှုနှင့် ၎င်းတို့ ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်ကို တိုက်ရိုက် ကြားသိခဲ့ပြီး ဖြစ်ပါကြောင်း၊ လေ့လာ တွေ့ရှိချက်များကို ခြုံငုံအကောင်အထည်ဖော်နိုင်မည်ဆိုပါက ကော်မတီ၏ လုပ်ငန်းများကို အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ခရီးစဉ်၏ တွေ့ရှိချက်များအပေါ် စုစည်းတင်ပြရန် လိုအပ်ပါကြောင်း ၎င်းကဆိုသည်။

သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ပေးချက်နှင့်အညီ ပြန်လည်နေရာ ချထားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကိစ္စရပ်များကို အဆောတလျင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လတ်တလော ရေတိုဆောင်ရွက် ရမည့် လုပ်ငန်းများပါဝင်သကဲ့သို့ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ပါဝင်ပါကြောင်း ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ စက်တင်ဘာ ၂၀ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင်ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့က ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောဒေသအတွင်း၌ မြေပြင်ကွင်းဆင်းလေ့လာခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.