Connect with us

Politics, Law & Military

မောင်တောမြို့ရှိ နေရပ်စွန့်ခွာသူများထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများအား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများထံသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြောင်းရွှေ့နေထိုင် လျက်ရှိသည့် ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများအားလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း (မြို့မကညင်တန်း)ခန်းမ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများအား လည်းကောင်း၊ အမှတ်(၂) အခြေခံပညာကျောင်းခွဲ (၄)မိုင်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား လည်းကောင်း တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည့် သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ များအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.