Connect with us

Social

ရန်ကုန်မြို့တွင်း ၆မြို့နယ် အတွင်း ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်

သိမ်ကြီးဈေးရှေ့ တွင်မော်တော်ကားများရပ်နားထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှရန်ကုန် မြို့တွင်း (၆)မြို့နယ်အတွင်း ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး Down Town (၆)မြို့နယ်အတွင်းရှိ မော်တော်ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ မျဉ်းဝါတားပါကင် နေရာများဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဦးမောင်မောင်စိုးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လူနေထူထပ်သည့်နေရာများတွင် ကားပါကင်ဝန်ဆောင်မှု မယူပါကြောင်း၊ ဥပဒေခွင့်ပြုချက်မရှိဘဲ ကားပါကင်များ လုပ်ဆောင်နေမှုများကို ပူးပေါင်းအဖြေရှာဆောင်ရွက်သင့်ပါကြောင်း၊ လိုအပ်သည့်နေရာများတွင် ကားပါကင်များ တစ်ပြိုင်တည်း ရေးဆွဲဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.