ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်၌ ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက် ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် တွံတေးတူးမြောင်းပိုင် နယ်နိမိတ်အတွင်းရှိ ရေထိန်းနံရံသည် ဇူလိုင် ၁၄ ရက်နေ့ မနက် ၃နာရီအချိန်ခန့်က စတင်ပြီး ရေထိန်းနံရံ၏ အတွင်းဘက် ရှိ မြေသားများသည် ကူးတို့ဆိပ်ကမ်း ကွန်ကရစ်လှေခါးနှင့် ရေထိန်း နံရံ၏အောက်ခြေ အလျားပေ(၁ဝဝ)နီးပါးကျော်ခန့်...
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်၏ လက်ရှိ ရန်ကုန်မြို့၏လေထုအခြေအနေသည် ဆိုးရွားမှုမရှိသေး ဘဲ ကောင်းမွန်နေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့သည် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေသည့်အတွက် ထိုမြစ်ကြောင်းများ တလျှောက်တွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင် ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝဲကလိ ကျေးရွာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) က ပထမဆုံးအကြိမ် အဖြစ် CNG ဝယ်ယူခွင့်...
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့မှ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၁,၆၃၇ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄,၅၆၀ ဦး၊ စုစုပေါင်း ၃၆,၁၉၇ ဦးဝင် ရောက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ် တိုက်ဖျက်ရေးကိစ္စများကို အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Narendra Modiတို့တွေ့ဆုံ ဆွေးနွေးကြကြောင်း...
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ၊ အောက်ကြည့်မြင့်တိုင်လမ်းရှိ ရန်ကုန် အနောက်ပိုင်း ခရိုင် ဆေးရုံအနီးတွင် ယနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်း အချိန်တွင် YBS ၅၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှ ယာဉ် ၈ စီးအထိ ဆင့်တိုက်မှု...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ကျောက်မျက်ရတနာနေ့ နှင့် ခြောက်ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကျောက်မျက် နှင့် လက်ဝတ်ရတနာထိပ်သီးအစည်းအဝေးပွဲကို သြဂုတ်လတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။