Connect with us

Politics, Law & Military

NLD ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ပြန်လည်ဖွဲ့စည်း

NLD ၏ ဗဟိုပြန်ကြားရေးကော်မတီဖွဲ့စည်းလိုက်သော ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ- NLD)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ကို ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အရ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း NLDကထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုပြန်ကြားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင် ၁၁ဦးပါဝင်ပြီး ၊ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်မေဝင်းမြင့်ကဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)