Connect with us

Politics, Law & Military

မိုင်းပန်မြို့နယ်အတွင်း ကျပ်သိန်း ၂၀၀ တန်ဖိုးရှိမူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်ရှိ သံလွင်မြစ်ကူး တံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၂၄.၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇ သိန်း)၊ WY

စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀၀)တို့ အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်ရှိ သံလွင်မြစ်ကူး တံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးမှုများဆောင်

ရွက်စဉ် သြဂုတ် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပင်လုံမြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့တပေး(ဘ)ဦးထွက်ဆာမောင်းနှင်၍ မောင်နွံခေး(ဘ)ဦးလုံးစံလူ၊ ဒေါ်ပါရင်(ဘ)ဦးလုံးညွန့်နှင့် မနန်းယွန်း(ဘ)ဦးလုံးမူလိန်တို့လိုက်ပါလာသည့် Hilux Vigoအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7N/—- အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ အဝတ်များထည့်ထားသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၂၄ ဒသမ ၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇ သိန်း)၊ WYစာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.