Connect with us

Environment, Disasters & Accidents

မလေးရှားနိုင်ငံ၌ မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်တဆမှုကြောင့် ပြိုင်ပွဲစဉ်များ ယာယီရွှေ့ဆိုင်းထား

မလေးရှားနိုင်ငံတွင် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်တဆမှုဖြစ်ပွားစဉ်(ဓာတ်ပုံ- မြန်မာ Squash)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားတွင် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်ဆမှုကြောင့် Squash အားကစားပြိုင်ပွဲစဉ်များကို ယာယီရွှေ့ဆိုင်း ထားကြောင်း မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(MASOC)က ထုတ်ပြန်ချက်အရ သိရသည်။

ယင်းရပ်ဆိုင်းလိုက်ရသည့် အားကစားပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် ယနေ့ နေ့လည်၂နာရီတွင် အစည်းအဝေးတစ်ခုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။“ဟိုတယ်ကနေ ပြိုင်ပွဲကျင်းပမယ့်နေရာကို သွားတာ မြန်မာအားကစားသမားတွေပါတဲ့ကားကို အခြား ကားတစ်စီးက ဝင်တိုက်တာ၊ နည်းပြတွေနဲ့ အားကစားသမားအချို့ ဒဏ်ရာအနည်းငယ်ရရှိထားတယ်”လို့ မလေးရှားနိုင်ငံသို့ရောက်ရှိနေသာ ဆီးဂိမ်းပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နေသူတစ်ဦးက ဆိုသည်။ယနေ့ သြဂုတ် ၂၁ရက်နေ့ မလေးရှားစံတော်ချိန် နံနက် ကိုးနာရီတွင် မြန်မာ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများမှ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်တဆမှုနှင့် ပတ်သတ်ပြီး မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(MASOC)အနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားခဲ့သော အားကစားသမားကို အားကစားပွဲ၏ ကျန်းမာရေးစင်တာ၌ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးထားပြီး အချို့အားကစားသမားများ ကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားခဲ့မှုနှင့် ပတ်သတ်ပြီး မလေးရှားတော်ဝင်ရဲတပ်ဖွဲ့နှင့် လမ်းသယ်ယူပို့ဆောင်ရေးဌာနသို့ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.