Connect with us

Sport

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ဆု၇ဆု ရရှိထား

ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုရရှိမှု ထုတ်ပြန်သောဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၂ရက်ထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၃ဆု၊ ငွေ၂ဆုနှင့် ကြေး၂ စုစုပေါင်း ဆု ၇ဆု ရရှိပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံက ခြင်းလုံးအားကစား၊ ဝူရှူးအားကစားနှင့် ချန်းစု လှံရှည်အားကစား စသည့်တို့၌ ဆုတံဆိပ်များ ရရှိထားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံက ရွှေဆု ၂၃ ဆု၊ ငွေဆု ၁၉ ဆု၊ ကြေး ၁၅ဆု၊စကာၤပူနိုင်ငံ သည် ရွှေဆု ၁၃ဆု၊ ငွေဆု ၁၂ဆု၊ ကြေးဆု ၁၁ဆု၊ အင်ဒိုနီးရှားနိုင်ငံ သည် ရွှေ ၇ဆု၊ ငွေ ၁၀ဆု ၊ ကြေး ၁၄ဆု၊ ထိုင်းနိုင်ငံက ရွှေ ၆ဆု၊ ငွေ ၈ ဆု၊ ကြေး ၁၀ဆု၊ ဗီယက်နမ်နိုင်ငံ က ရွှေ ၈၊ ငွေ ၅ဆု၊ ကြေး ၉ဆု၊ ဖိလစ်ပိုင်နိုင်ငံက ရွှေ ၃ဆု၊ ငွေ ၆ဆု၊ ကြေး ၆ ဆု၊ ကြေးဆု၄ဆု၊ လာအိုနိုင်ငံက ငွေဆု ၁ ဆု၊ ကြေးဆု ၁ ဆု၊ ဘရူနိုင်းနိုင်ငံက ကြေး ၄ဆုနှင့် ကမ္ဘောဒီးယား နိုင်ငံသည် ကြေး၃ ဆု အသီးသီး ရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.