ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ဖမ်းယူရရှိသည့် ပုံရိပ်များ အပေါ်မူတည်၍ ငါးဖမ်းပိုက် များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ များက Y-8 ပျက်ကျလေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစ ၆ ခု ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး...
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတွင်းကာလများ၌ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေကြီးရေလျှံဖြစ်ပွားနေမှုကို ပြေလည်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲ၍ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရထားစီးခရီးသည်များ လုံခြုံစိတ်ချစွာ ရထားစီးအဆင်ပြေစေရန်အတွက် ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းရှိရထားတွဲဆိုင်းများ၌ ရထား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေး လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ် အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာ အနီးတဝိုက်မှ လေယာဉ်ကိုယ်ထည်အစိတ်အပိုင်း အလူမီနီယံပြား ၃ ပြားနှင့် အမျိုးသားရုပ်အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ၊ယခုအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၉၃ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း...
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) တွင် ယှဉ်ပြိုင်ရန် မြန်မာ နိုင်ငံအနေဖြင့် ပဏာမအဆင့် ရွေးချယ်ထားသည့် အားကစားနည်း ၃ဝ အား ပြည်တွင်း၊ ပြည်ပနိုင်ငံများ၌ လေ့ကျင့်မှုများပြုလုပ်လျက်၊ အောင်မြင် မှုရရန် ကြိုးပမ်းလျက်ရှိကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက် အထိ ပြည်တွင်း ပြည်ပကြွေး လက်ကျန် စုစုပေါင်း ကျပ်ဘီလျံ ၂၇၀၀၀ ခန့်ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု...
ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နှင့် ဥရုချောင်းဖျားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့၊ အနိမ့်ပိုင်း ရပ်ကွက် ၊ ကျေးရွာတို့၌ ဇွန် ၁၈ ရက်တွင် ရေ ၃ ပေမှ ၆ ပေခန့် အထိ ဝင်ရောက်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူနှင့် ကျရှုံးသူများ၏ ရမှတ်စာရင်းကို ယနေ့ ဇွန် ၁၉ ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၃လမ်းရှိ MK Travels & Tour ကုမ္ပဏီလီမိတက်၏ (ပြည်တွင်း/ပြည်ပ) လေယာဉ်လက်မှတ်အရောင်းဌာန၌ ဇွန် ၁၈ ရက်နေ့ နေလည် တစ်နာရီခန့်က ငွေများလုယက်သွားသူအား ဖမ်းဆီးရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံရာ၌ ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာများ ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။