Connect with us

Sport

မြန်မာ-ယူ၂၂ အမျိုးသားဘောလုံးအသင်း အကြိုဗိုလ်လုပွဲတက်ပြီ

မြန်မာအသင်းဂိုးသွင်းမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ် တွင် မြန်မာယူ-၂၂ အသင်းက ဘရူနိုင်းယူ-၂၂ အသင်းအား ၆ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စု A ၌ သုံးပွဲကစား၊ သုံးပွဲနိုင် ၉ မှတ်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်နေကာ မလေးရှားအသင်းက နှစ်ပွဲကစား ၆ မှတ် ရရှိထားသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၁ ရက် က AFC U-23 Championship (အာရှယူ-၂၃ဖလားချန်ပီယံရှစ်) ခြေစစ်ပွဲတွင် ဘရူနိုင်းအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ယူထားခဲ့သော မြန်မာယူ-၂၂ အသင်းသည် ယခုပွဲတွင်လည်း ၆ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သည်။

ဘရူနိုင်းအသင်း အနေဖြင့် တစ်သင်းလုံးနီးပါးပိတ်ဆို့ကစားခဲ့သော်လည်း မြန်မာအသင်းက ပထမပိုင်း ၂၄ မိနစ် တွင် အောင်သူ နှင့် မိနစ် ၄၀ တွင် စည်သူအောင်တို့ ၏ သွင်းဂိုးများဖြင့် ဦးဆောင်နေခဲ့သည်။

ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ– MFF)

မြန်မာ နှင့် ဘရူနိုင်း ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ– MFF)

မြန်မာအသင်းအား အားပေးနေသည့် ပရိသတ်အားတွေ့ရစဉ် (ဓာတ်ပုံ– MFF)

ဒုတိယပိုင်းတွင် မြန်မာအသင်းကပင် ဆက်လက်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာ အောင်ကောင်းမာန် က ၇၄ မိနစ် နှင့် ၈၅ မိနစ်တို့တွင်လည်းကောင်း၊ မောင်မောင်လွင်က ၉၁ မိနစ်တွင် လည်းကောင်း၊ သန်းပိုင်က အချိန်ပို ၉၅ မိနစ်တွင်လည်းကောင်း ဂိုးများထပ်မံသွင်းကာ ၆ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အုပ်စုအခြားပွဲစဉ်ဖြစ်သော လာအို ယူ-၂၂ နှင့် စကာၤပူ ယူ-၂၂ တို့ပွဲ၌ စကာၤပူက ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၂၁ ရက် ည ရး၁၅ နာရီ တွင် အိမ်ရှင် မလေးရှား အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.