Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၂၈၈ ဦး ၊ သေဆုံးသူ ၂၉ ဦးရှိ

ရာသီတုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့ နေ ပြည်သူ တစ်ချို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ(Influenza A(H1N1)pdm09) ဖြစ်ပွားမှုတွင် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ဓာတ်ခွဲ အတည်ပြုချက် အရ ဖြစ်ပွားသူ ဦးရေမှာ ၂၈၈ ဦး ရှိပြီး သေဆုံးသူ ၂၉ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွား ၊ သေဆုံးမှုများ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေ ၈၃ ဦး ၊ သေဆုံးသူ ၇ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၃၇ ဦး ၊ သေဆုံးသူ ၁၁ ဦး ၊ ပဲခူးတိုင်း ဒေသကြီး တွင် ဖြစ်ပွားသူ ၃၈ ဦး ၊ သေဆုံးသူ ၃ ဦးဖြင့် အများဆုံး ရှိနေကြောင်း ထုတ်ပြန်မှုများ အရ သိရသည်။ထို့အတူ H1N1 ပိုးတွေ့ရှိသော်လည်း ရာသီ တုပ်ကွေး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြား ရောဂါ အခံများကြောင့် သြဂုတ် ၁၉ ရက်အထိ သေဆုံးသူ စုစုပေါင်း ၂၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)