Connect with us

Education & Health

H1N1 ရောဂါဖြစ်ပွားသူ ၂၇၇ဦးရှိပြီး သေဆုံးသူ ၂၇ ဦးထိရှိ

H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၇၂၅ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၇၇ ဦး၊ သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ် ၁၇ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းအထိ Influenza A(H1N1)pdm09 သံသယလူနာ ၃၈ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာ H1N1 ပိုးတွေ့လူနာ ၁၅ ယောက် ထပ်မံ တွေ့ရှိပြီး သေဆုံးသူ လူနာ တစ်ယောက် တိုးခဲ့ကြောင်း သိရသည်။

ယနေ့ H1N1 ပိုးတွေ့လူနာ ၁၅ အနက် တစ်အိမ်တည်းအတူနေမိသားစုဝင် (၅)ဦးတွင် H1N1ပိုး စမ်းသပ်တွေ့ရှိရသဖြင့် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင် သည်ကို တွေ့ရှိရသဖြင့် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင် သည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နှိုးဆော်ချက်များအတိုင်း အထူးအလေးဂရုပြုလိုက်နာကြပါရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.