နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ပညာသင်နှစ် ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ မေးခွန်းပုံစံအား ပြောင်းလဲသွား မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ယခုအခါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ ရှိသည့် အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် ပုံမှန် ရေကြီး ရေလျှံခြင်းမျိုး သာမက မိုးသည်းထန်စွာ ရွာသွန်းရာ မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တပြက် ရေကြီးခြင်းများ ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း သတိထားရန်...
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူး၍ H&S Group နှင့် Modern Myanmar တို့ပူးပေါင်းစီစဉ်သော မြန်မာ၊ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် ကမ္ဘောဒီးယား လေးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ဇွန် ၂၅ ရက် မွန်းလွဲ...
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) သိန်းနီမြို့နယ်တွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အချိုရည်ဗူးများဖြင့် ရောနှော သယ်ဆောင်လာသော တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ၄ ဦးအား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၁၃/၂၀၁၇ အား ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၅ ရက်နေ့ နံနက် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရုပ်အလောင်း ၉၀ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေမှာ လက်ရှိကာလတွင် တိုးတက် ကောင်းမွန် လာမှုများရှိ၍ ယခု ဇွန်လကုန်ခန့်တွင် ဆေးရုံမှ ပြန်လည်ဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) Y-8လေယာဉ် ပျက်ကျမှုတွင် ယနေ့ချိန်ထိ ရုပ်အလောင်း ၇၁ လောင်း သဂြိုလ်ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၄ရက်နေ့ည နေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ကုလားတန် (ကစ္စပနဒီ) မြစ် နှင့် လေးမြို့မြစ်ရေ များ မြင့်တက်လာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက် ထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲထိ ရုပ်အလောင်း ၈၇လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။