Connect with us

Politics, Law & Military

ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပုဂ္ဂလိကပိုင် ဘဏ်များမှ ဥက္ကဋ္ဌများ တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပုဂ္ဂလိကပိုင် ဘဏ်များမှ ဥက္ကဋ္ဌများ တွေ့ ဆုံစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပိုင် ဘဏ်များမှ ဥက္ကဋ္ဌများနှင့် ယနေ့သြဂုတ် ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အစည်းအဝေး တက်ရောက်လာကြသူများက ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အပိုင်းမှ ပံ့ပိုးကူညီနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ထိုအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသောဦးကျော်တင့်ဆွေနှင့် ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်၊ ပုဂ္ဂလိကပိုင်ဘဏ် (၂၂) ခု မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117