Connect with us

Science & Technology

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ ၂ဝ၁၇ အထိမ်းအမှတ်အဖြစ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားဖွင့်

တံတားဖွင့်ပွဲအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ ၂ဝ၁၇ အထိမ်းအမှတ်အဖြစ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေး တံတားမုခ်ဦး (အိန္ဒိယဘက်ကမ်း)၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘက်မှ ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေမျိုးဇော်နှင့် အိန္ဒိယနိုင်ငံဘက်မှAssam Rifle Brigadier M.S MOKHA တို့က နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် ချင်းပြည်နယ် စစ်ဗျူဟာ မှူးကAssam Rifle တပ်မတော် နယ်လှည့် ဆေးကုသခြင်းလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Assam Rifle တပ်မတော်ဆေးဘက်ဆိုင်ရာ ဆရာဝန်များနှင့် ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ထောင်းထာပဲန်းလျန်နှင့် သူနာပြုဆရာမများက ပူးပေါင်းကူညီ၍ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေ ကြည့်ရှုစစ်ဆေး ကုသပေးခြင်း၊ အထွေထွေရောဂါစစ်ဆေး ကုသခြင်းနှင့် သွားဘက်ဆိုင်ရာ ပြုစု ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Assam Rifle က ပေးအပ်လှူဒါန်းသည့် အိမ်သုံးဆိုလာ မီးအိမ်ငယ် ၈ဝဝ ခန့်ကို ချင်းပြည်နယ် စစ်ဗျူဟာမှူးနှင့် Assam Rifle Brigadier M.S MOKHA တို့က နယ်စပ်ဒေသပြည်သူများထံ ပေးအပ်လှူဒါန်း ခဲ့ကြောင်း၊ ထို့နောက် နှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲများကျင်းပရာ ပြိုင်ပွဲ ဝင် တပ်မတော်အားကစားသမားများ အား ဆုများ ချီးမြှင့်ပေးကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.