Connect with us

Politics, Law & Military

ပျက်ကျ Y-8 လေယာဉ်၏ ခြောက်လက်မ အချင်းရှိ မော်တာတစ်ခု ရှာဖွေတွေ့ရှိ

ဆယ်ယူရရှိသော Y-8လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ပျက်ကျ Y-8 လေယာဉ်၏ ခြောက်လက်မ အချင်းရှိ မော်တာတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဒေသခံငါးဖမ်းစက်လှေတစ်စင်းက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေမှုများပြုလုပ်စဉ် ခြောက်လက်မ အချင်းရှိ မော်တာတစ်ခု အပါအဝင် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်ကျ လေယာဉ်ရှာဖွေတွေ့ရှိစေရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 W အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်နှင့်လိုက်ပါလာသော လူ၁၀၀ကျော် သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.