ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ၁၃၇၈ ခုနှစ် မဟာသြင်္ကန်ရေသဘင်ပွဲတော်တွင် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်နည်းတူကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်မည့် အသင်းများအနေဖြင့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊စစ်ဆေးရေးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ မှ စတင်ကျင်းပလျက်ရှိပြီး စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၇)သိန်း ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ဧပြီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် အုပ်ရေပေါင်း ၂,၈၉၁,၆၆၉ အုပ် ရောင်းချထားပြီး ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ အောင်ဘာလေ...
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေးကဏ္ဍတွင် ၅၀-၅၀ ရာခိုင်နှုန်း ပါသကဲ့သို့ ငြိမ်းချမ်း ရေးရရန် လုပ်ဆောင်သည့်နေရာတွင် တစ်ဝက်တာဝန်ယူသင့်သည်ဟု ထင်မြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားမှု ၂၅၅ မှုအားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီ၏ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စုအဖွင့် ပွဲစဉ်ဖြစ်သည့် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် ပွဲစဉ်အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Asia Foundation တို့ ပူးပေါင်း ဆောင်ရွက်သည့် မဲပေးစို့ Mobile Application အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိတ်ဆက်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်း စာမေးပွဲကြီးကို ကျောင်းသား၊ကျောင်းသူများ ယနေ့ စတင်ဖြေဆိုနေကြပြီဖြစ်ပြီး၊ စာမေးပွဲအား စိတ်အေးအေးထားဖြေဆိုကြရန်၊ ၁၀ တန်းစာမေးပွဲသည် ဘဝကို ပြောင်းလဲစေမည့် တစ်ခုတည်းသော အဆုံးအဖြတ် မဟုတ်ကြောင်း မော်လမြိုင်တက္ကသိုလ် မှ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆင်ဟွာကိုပြောသည်။
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် အသီးသီးတွင် မဲဆန္ဒရှင် အသိပညာပေး လက်ကမ်း စာစောင် စုစုပေါင်း ၄၄၅၀၀၀ နှင့် နံရံကပ် စာစောင် စုစုပေါင်း ၆၉၅၀၀ တို့အား မဲဆန္ဒရှင် ပြည်သူများ အကြား ပျံ့နှံ့...
နေပြည်တော်၊ မတ်လ ၇ ရက် (ဆင်ဟွာ) လုပ်ငန်းခွင်အတွင်း နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက Women and Girls First Initiative အခမ်းအနားတွင် မီဒီယာကို ဖြေကြားခဲ့သည်။