Connect with us

Social

မြောက်ဦးလေဆိပ် ၂၀၂၁ခုနှစ်တွင် အပြီးတည်ဆောက်မည်

မြောက်ဦးလေယာဉ်ကွင်းသစ် တည်ရှိရာနေရာပြ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့နယ်၌ လေဆိပ်သစ် တည်ဆောက်လျက်ရှိရာ ၂ဝ၂၁ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းမြောက်ဦး လေဆိပ်သည် ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ကျရောက်နေသဖြင့် အသစ်ပြန်လည်ရွှေ့ပြောင်း၍ တည်ဆောက်နေခြင်းဖြစ်ရာ ယခုအခါ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဝင်လမ်း မြေနေရာများကို ရှင်းလင်းဆောင် ရွက်ပြီးဖြစ်၍ လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှု တိုးတက် လာစေရန် ရည်ရွယ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရန် မြောက်ဦးလေဆိပ်သစ် တည်ဆောက်ခြင်း၊ မာန်အောင်လေဆိပ် အဆင့် မြှင့်တင်ခြင်း၊ စစ်တွေလေဆိပ်ကို မူလပြေး လမ်းကြောင်း အရှည်ပေ ၆ဝဝဝ အား အရှည်ပေ ၇၆ဝဝ အထိ တိုးချဲ့ခြင်း၊ ကျောက်ဖြူလေဆိပ်ကို မူလပြေးလမ်းကြောင်း အရှည် ပေ ၄၆၂ဝ အား အရှည်ပေ ၇၅ဝဝ အထိ တိုးချဲ့ခြင်း၊ သံတွဲ လေဆိပ်ကို ပြေးလမ်းကြောင်း အရှည်ပေ ၈ဝဝဝ နှင့် ပေ ၁ဝဝ အား လေးလက်မထု နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်း များကိုလည်း ဆောင်ရွက်ထားကြောင်းနှင့် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု နည်းပါးနေသေး၍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို မြှင့်တင်လုပ်ဆောင်နေပြီး လမ်းများနှင့် လျှပ်စစ် မီးရရှိရေးများကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.